စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ လမ်းညွှန်မှု မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းမှ ဦးဆောင်၍ ဆေးကုမ္ပဏီများမှ သုံးစွဲသူပြည်သူများသို့ ဆေးဝါးများတိုက်ရိုက်ရောင်းချပွဲအား ဇူလိုင်လ (၁၇) ရက်မှ ဩဂုတ်လ (၃၁) ရက်နေ့အထိ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ နေပြည်တော်တိုင်းဒေသကြီးတို့တွင် တနင်္လာနေ့မှ စနေနေ့ထိ တစ်ပတ်လျှင် (၆) ရက်၊ နံနက် (၉) နာရီမှ ညနေ (၄) နာရီထိ ရောင်းချပေးခဲ့ပါသည်။