ဆေးဝါးနှင့်ဆေးပစ္စည်းတင်သွင်းသည့် အသင်းဝင်ကုမ္ပဏီများနှင့် တွေ့ဆုံသည့် အစည်းအဝေး။

                 မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းမှ ဆေးဝါးနှင့်ဆေးပစ္စည်းများ ‌စျေးနှုန်းတည်ငြိမ်စေရေးနှင့်မပြတ်လပ်စေရေးအတွက် ရည်ရွယ်ဆောင်ရွက်မည့် ကိစ္စရပ်များနှင့်ပတ်သက်၍ လိုအပ်သည့်ကဏ္ဍရပ်များအား အသင်းဝင်ကုမ္ပဏီများနှင့် ညှိနှိုင်းဆွေးနွေးနိုင်ရန်တွေ့ဆုံသည့်  အစည်းအဝေးကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ၊ (၂၄) ရက်နေ့တွင် UMFCCI၊ မင်္ဂလာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
                    အဆိုပါ အစည်းအဝေးတွင် ဆေးဝါးများ ပြတ်လပ်မှုမရှိစေရန်အတွက် သွင်းကုန်လိုင်စင်များ စဉ်ဆက်မပြတ် ရရှိနိုင်စေရန်  အသင်းမှ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး ဆေးနှင့်ဆေးပစ္စည်း ဖြန့်ဖြူးရောင်းချနေသော ကုမ္ပဏီများအနေဖြင့် လက်ရှိ ဖြန့်ဖြူးရောင်းချနေသော စျေးနှုန်းဖြင့်သာ ကြိုးစားထိန်းသိမ်း၍ ဆက်လက်ရောင်းချသွားကြပါရန်နှင့် စျေးနှုန်းမြှင့်တင်ရောင်းချခြင်းများ မပြုလုပ်ကြပါရန်၊ ဆေးဝါးသုံးစွဲသူ ပြည်သူများ လိုအပ်သော ဆေးဝါးများအား အလွယ်တကူ ဝယ်ယူရရှိနိုင်စေရန်အတွက် ကုန်ပစ္စည်းများအား လက်ကျန်ရှိသလောက် ရောင်းချပေးကြရန် တိုက်တွန်းဆွေးနွေးပြောကြားခဲ့ပါသည်။

M P 1

M P 2

 

M P3