မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း၏ ဦးဆောင်မှု၊ အသင်းဝင်ကုမ္ပဏီများ၏ စုပေါင်းပါဝင်လှူဒါန်းမှုများဖြင့် ငလျင်ဘေးသင့်ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ရန်အတွက် ဆေးဝါး ဆေးပစ္စည်းများနှင့် ငွေသားအလှူများအား လိုအပ်သော နေရာများသို့ လှူဒါန်းမှုများဆောင်ရွက်လျှက်ရှိရာ (၅.၄.၂၀၂၅) ရက်နေ့တွင် ကျန်းမာရေးဝန်ကြီးဌာနမှ တဆင့် နေပြည်တော်ကုတင် ၁၀၀၀ ဆေးရုံ၊ မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့ရှိ ဆေးရုံများတွင် တက်ရောက်ကုသမှုခံယူနေကြသည့် ငလျင်ဘေးသင့် ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ကုသမှုများဆောင်ရွက်နိုင်ရန်အတွက် ငွေသားအလှူ - ကျပ် (သိန်း ၂၀၀)၊ ဆေးဝါးနှင့်ဆေးပစ္စည်း တန်ဖိုး ၁၁၁,၉၅၅,၂၅၀/(တစ်ထောင့်တစ်ရာတစ်ဆယ့်ကိုးသိန်းငါးသောင်းငါးထောင်နှစ်ရာ့ ငါးဆယ်ကျပ်)၊ စုစုပေါင်း ၁၃၁,၉၅၅, ၂၅၀/-(တစ်ထောင့်သုံးရာတစ်ဆယ့်ကိုးသိန်းငါးသောင်းငါးထောင်နှစ်ရာ့ငါးဆယ်ကျပ်) အား ပေးပို့လှူဒါန်းခဲ့ပါသည်။
ထို့အပြင် ကျန်ရှိသော အသင်းမတည်ငွေနှင့် အသင်းဝင်ကုမ္ပဏီများမှ ပေးပို့လှုဒါန်းလာသော ဆေးနှင့်ဆေးပစ္စည်းများ အလှူငွေများကိုလည်း ငလျင်ဘေးကျရောက်ခဲ့သော ဒေသများရှိပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုများအတွက် လိုအပ်သောနေရာများသို့ အမြန်ဆုံး ဆက်သွယ်ပေးပို့ လှူဒါန်းသွားနိုင်ရန်အတွက် အသင်းဗဟိုအလုပ်အမှုဆောင်နှင့် အလုပ်အမှုဆောင်များမှ အချိန်နှင့်တပြေးညီ ကြိုးစားစီမံ ဆောင်ရွက်လျှက်ရှိပါကြောင်း မှတ်တမ်းတင် ဖော်ပြအပ်ပါသည်။