မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း၏ ဦးဆောင်မှု၊ အသင်းဝင်ကုမ္ပဏီများ၏ စုပေါင်းပါဝင်လှူဒါန်းမှုများဖြင့် ငလျင်ဘေးသင့်ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ရန်အတွက် ဆေးဝါး ဆေးပစ္စည်းများနှင့် ငွေသားအလှူများအား လိုအပ်သော နေရာများသို့ လှူဒါန်းမှုများဆောင်ရွက်လျှက်ရှိရာ ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သော အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(ရုံးချုပ်)၊ ဓါတ်ခွဲခန်းပြုပြင်ရန်အတွက် ၇၈,၁၇၅,၀၅ဝိ/-(ခုနှစ်ရာရှစ်ဆယ့်တစ်သိန်းခုနှစ်သောင်းငါးထောင်ငါးဆယ်ကျပ်) ကို (၉၊ ၆၊ ၂၀၂၅)ရက်နေ့တွင် ကျန်းမာရေးဝန်ကြီးဌာနမှ တဆင့်ပေးပို့ လှူဒါန်းခဲ့ပါသည်။